ဘာသာပြန်ထားသော စာရွက်စာတမ်းများရရှိရန် တောင်းဆိုချက်

ရွေးကောက်ပွဲဌာနသည် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ဘာသာစကားအများအပြားဖြင့် ပေးပါသည်-

  • ဆန်ဖရန်စစ္စကို၏တရားဝင်မဲပြားနှင့် ဒေသန္တရ မဲဆန္ဒရှင် အချက်အလက် လက်ကမ်းစာစောင်ကို တရုတ်၊ စပဲနစ်ရှ်နှင့် ဖိလစ်ပိုင် ဘာသာစကားတို့ဖြင့် ရရှိနိုင်ပါသည်။ .
  • မဲပြားပုံတူများ (မဲဆန္ဒရှင်မှ ၎င်း၏တရားဝင်မဲပြားကို အမှတ်အသားပြုသည့်အခါ ရည်ညွှန်းနိုင်ရန် သီးခြားဘာသာစကားဖြင့် ဘာသာပြန်ဆိုထားသည့် တရားဝင်မဲပြား၏ မိတ္တူ) ကို မြန်မာ၊ ဂျပန်၊ ကိုရီးယန်း၊ ထိုင်းနှင့် ဗီယက်နမ် ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။
  • ပြည်နယ်၏ (မဲဆန္ဒရှင်အတွက် အချက်အလက်များ လမ်းညွှန်) Voter Information Guide ကို တရုတ်၊ ဖိလစ်ပိုင်၊ ဟင်ဒီ၊ ဂျပန်၊ ခမာ၊ ကိုရီးယန်း၊ စပဲနစ်ရှ်နှင့် ဗီယက်နမ်ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။

ဘာသာပြန်ထားသောစာရွက်စာတမ်းများကို လက်ခံရရှိရန် အောက်ပါအကွက်များကို ဖြည့်ပြီး သင်နှစ်သက်သည့် ဘာသာစကားကို နောက်ဖန်သားတစ်ခုတွင် ရွေးချယ်ပါ။ သင်သည် ရွေးကောက်ပွဲဌာနကို (415) 554-4375 ၌ ဖုန်းဆက်၍လည်း သင်၏တောင်းဆိုချက်ကို တင်သွင်းနိုင်ပါသည်။

လမ်းအမည် မထည့်ပါနှင့်
/ /

မဲဆန္ဒရှင်၏အချက်အလက်များကို တရားဝင်လိုအပ်ချက်များအတွက်သာ အသုံးပြုပါသည်။

မေးစရာများရှိပါက (415) 554-4375 ရှိ (ရွေးကောက်ပွဲများဌာန) Department of Elections ကို ဆက်သွယ်ပါ၊ သို့မဟုတ် ကျွန်ုပ်တို့ကို အီးမေးလ်ပို့ပါ။